ရွှေဘိုမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲကျင်းပ

​ရွှေဘို ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က အလက(၁)တွင် ကျင်းပပြုလုပ်ခဲ့ သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ​ဒေါ်​အေးမြမွန်က အသိပညာပေးဟောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် မူးယစ်​ဆေး အမျိုးအစားများ၊ မူးယစ်​ဆေးသုံးစွဲရခြင်း  အ​ကြောင်းအရင်း၊​ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်အချက် များ၊ ဦးစီးအရာရှိ ​ဒေါ်​အေးမြင့်စန်းက  မူးယစ်​ဆေးသုံးစွဲခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆုံးရှုံးပျက်စီးခြင်း၊ မူးယစ်​ဆေးဝါးနှင့် ပတ်သက်သည့် သိရှိလိုက်နာရမည့် အချက်များကို အကျယ်တဝင့်  ရှင်းလင်းဆွေးနွေးကြသည်။ ထို့​နောက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေ သည့် မူးယစ်ဆေးဝါး အကြောင်း သိကောင်းစရာအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ် ဆေးဝါးအကြောင်း သိကောင်းစရာများ အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)