ရေတာရှည် ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့ ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအတွက် ဆေးဝါးနှင့် အာဟာရဖြည့်စွက်စာများအား တောင်ငူခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် အဆိုပါ ဘိုးဘွားရိပ်သာ၌ ထောက်ပံ့လှူဒါန်းခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ရေတာရှည်မြို့ ဘိုးဘွားရိပ်သာရှိ အဘိုး/ အဘွား ၂၅ ဦး အတွက် ဆေးဝါးနှင့် အာဟာရ ဖြည့်စွက်စာများအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငုဝါကျော်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက လှူဒါန်းပေးအပ်ခဲ့ပြီး ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုတောင်းမေတ္တာပို့သကာ သာဓုအနုမောဒနာ ခေါ်ဆိုခဲ့ကြကြောင်း သိရသည်။
ရေတာရှည်(ပြန်/ ဆက်)