ဒုတိယဗိုလ်ချုပ်ကြီးလူအေး ကျောက်ဖြူမြို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်း၊ မြို့ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ ပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှစ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းခဲ့ပြီး မြို့ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ ပြန်လည်တူးဖော်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး‌များနှင့် တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီး‌များနှင့် တွေ့ဆုံပွဲအား ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူမှုရေးရာဝန်ကြီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။

တောင်ငူမြို့၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ (၁) ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၁) ၌ တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၉) နာရီအချိန်က နတ်သျှင်နောင်ခန်းမ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

ငွေဆောင်မြို့၊ အခြေခံပညာကျောင်းများတွင် ကျန်းမာရေး၊ ပညာရေးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသား/ကျောင်းသူများအား အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကျန်းမာရေးဌာန၊ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ အခြေခံပညာ မူလတန်းကျောင်း(၂) ကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများအား သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်း၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း ရှင်းပြကာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ မိုးအစေ့ထုတ်ပြောင်း အထွက်တိုးစံပြကွက် စိုက်ပျိုးခြင်းကွင်း သရုပ်ပြပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် ၄၉၉ တောင်သူ ဒေါ်မာမာအေး၏ ယာမြေ ၅ ဧကတွင် ယမန်နေ့ နံနက် ၆ နာရီက မိုးအစေ့ထုတ်ပြောင်း အထွက်တိုးစံပြကွက် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပကြောင်း သိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများအကြီးအကဲများ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အကျိုးကျေးဇူးများစွာ ရရှိစေနိုင်သည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသင့်

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကိုအသုံးပြုပြီး ရေရှည်ကုန်ကျစရိတ် သက်သာစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနနှင့် နည်းပညာတက္ကသိုလ်(ဘားအံ)တို့ ပူးပေါင်းဆောင်ရွက်သော 3.5m³ Biogas Digester Project ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံပညာရေးဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။

မုံရွာမြို့၌ စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး လူမှု ဝန်ထမ်းဦးစီးဌာနရုံး (မုံရွာ) အစည်းအဝေးခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ရှေးဦး အရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်‌ရောက် ခဲ့ကြသည်။

ဆီဆိုင်မြို့၌ ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)နှင့် မေတ္တာလွမ်းခြုံစေတနာသွေးလှူရှင်အသင်းတို့ ပူးပေါင်း၍ (Wold Blood Donar Day) ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြကန်သာရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ကျင်းပသည်။

ထားဝယ်မြို့၊ မယ်ဒီလန်းဆေးရုံ၌ သွေးလှူရှင်ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

၂၀၂၃ ခုနှစ်၊ ဇွန်လ(၁၄)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့သွေးလှူရှင်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်သွေးလှူရှင် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မယ်ဒီလန်းဆေးရုံ၌ကျင်းပသည်။
Subscribe to