ချောင်းသာမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယနေ့မွန်းလွဲ ၂ နာရီ အချိန်က သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ရပ်ကွက်များ အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို သိရှိလိုက်နာနိုင်စေရန်ရည်ရွယ်၍ "နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို သိရှိလိုက်နာနိုင်စေရန် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် "နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ကော့ကရိတ်မြို့၌ ရေစီးရေလာကောင်းမွန်ရေးအတွက် အုတ်စီရေမြောင်းပြုလုပ်ခြင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် မြို့တွင်းသန့်ရှင်းသာယာလှပစေရေး၊ မိုးတွင်းကာလမြို့တွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဝဲယာအုတ်စီရေမြောင်းခင်းခြင်း လုပ်ငန်းကို မေလတတိယပတ်မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဟင်္သာတမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ​ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က အ.မ.က (၂၉)ကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့ သည်။

ကျိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (အကြို) မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသိပညာပေး ဟောပြော

၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ပျဉ်းမနားမြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာဆေးထိုးစုရပ်များ၌ ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

တာချီလိတ်မြို့၊ အထက(ဆန်ဆိုင်း)၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း)တွင် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထားဝယ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ပရဟိတဂေဟာကျောင်းများသို့ ဆန်အိတ်များထောက်ပံ့လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပရဟိတဂေဟာကျောင်းများတွင် လိုအပ်လျက်ရှိသော လှူဖွယ်ပစ္စည်းများကို ထောက်ပံ့ပေးအပ် လှူဒါန်းလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ထားဝယ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသင်တန်းကျောင်း၊ မိဘမဲ့ပရဟိတဂေဟာကျောင်းများ၊ ခရစ်ယာန်ကျောင်းများသို့ ဆန်အိတ်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် မိုးကြိုစိုက်ပျိုးသည့် ပဲတီစိမ်းများ လှိုင်လှိုင်ပေါ်ထွန်းပြီး ဈေးကောင်းရရှိ

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် မိုးကြို စိုက်ပျိုးခဲ့ကြသည့် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပဲတီစိမ်းများ လှိုင်လှိုင်ပေါ်ထွန်းကာ ဈေးကောင်းရရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့် သာသနိက အ‌ဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ပစ္စည်းများလှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ မုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သည့် သာသနိကအ‌ဆောက်အဦများနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံ‌ထောက်ပံ့ လှူဒါန်း‌ပေးအပ်ခဲ့ကြသည်။
Subscribe to