စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဇေယျာရပ် အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ ကျောင်းသား/သူလေးများအား ဖိတ်ခေါ်၍ စကားပုံဆက်ပြိုင်ပွဲ ကျင်းပပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း (၂၄၄၅) ဦး Sinopharm ဆက်လက်ထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအား First Booster Sinopharm (၄၁)ဦး၊ Second Booster Sinopharm (၆၀)ဦး၊ Third Booster Sinopharm (၄)ဦးတို့ကို Sinopharm ထပ်ဆောင်းထိုးနှံနိုင်ခဲ့သည်။

ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် ၅၆၃.၅၀ သိန်း ထုတ်ချေးပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ရေး ဒီရေတောများစိုက်ပျိုး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၌ သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ ဒီရေတောအပင်များစိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ဇီးကုန်းကမ်းခြေတွင် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းအမှိုက်ရှင်းလင်းနေမှုအား သွားရောက်ကြည့်ရှုခြင်း၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မိုခါမုန်တိုင်းကြောင့်ပျက်စီး၊ ဆုံးရှုံးသွားသည့် ကျေးရွာများသို့ထောက်ပံ့ပစ္စည်းများပေးအပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၈)နာရီခွဲအချိန်က ဘူးသီးတောင်မြို့ မြို့သစ်တောင်ရပ်ကွက်ရှိ မြို့မဈေးအနောက်ဖက်ကမ်းနားလမ်းရှိ အမှိုက်ပုံအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ(၃)မှတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာနမှဝန်ထမ်းများ၊

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြို့သစ်မြို့နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်း (အ.ထ.က-မြေပြင်သာ) ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ကျောင်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက မကွေးခရိုင် မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာ ခြေခံပညာအထက်တန်းကျောင်း၌ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲနှင့် ကျောင်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက် ဖွင့်လှစ်ခဲ့သည်။

ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းတက်ရောက်နေမှုများနှင့် ပန်းခင်းစီမံချက် (၂)​ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအား ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် တာဝန်ရှိသူများသည် ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ကုန်းကလေး ကျေးရွာ အုပ်စု၊ ကုန်းကလေးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ဇောင်းလျားကျွန်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ကျောင်းတက်ရောက်နေမှုအား ကြည့်ရှု အားပေးကာ ကျောင်းရှိ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပြီး ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းရေးနှင့် လိုအပ်သည် များကို မှာကြားခဲ့ပြီး ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှုကာ ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။

လောက်ကိုင်မြို့နယ် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းသားများဖြင့် တွေ့‌ဆုံပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသားများဖြင့် တွေ့ဆုံဆွေးပွဲ ကျင်းပခဲ့သည်။

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ကျင်းပ

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “မူးယစ်ဆေးဝါးအန္တရာယ်” အသိပညာပေး (Talk Show)ကို ယနေ့ နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မိုးရာသီကာလအတွင်း ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to