မြောက်ဦး ဇွန် ၁၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်းများအား ထောက် ပံ့ငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ် ၂ နာရီခွဲအချိန်က ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးဟောင်း) အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
မြောက်ဦးမြို့နယ်အတွင်း ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်း (၁၀၀)သို့ ကျောင်းဆောက် ပစ္စည်းများဝယ်ယူနိုင်ရန်အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် သိန်း(၁၀၀) အား ဆရာတော်သံဃာတော်များကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုသို့ ဆက်ကပ်လှူဒါန်းရာသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်နီနှင့် ဝန်ထမ်းများ၊ သာသနာရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ဇော်လင်းညိုနှင့် ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သီတာခိုင်၊ မြို့နယ်တိုင်းရင်းဆေးကုဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဌေးတို့က ထောက်ပံ့ငွေများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)