ဝေါမြို့နယ်၌ မိုးရာသီစုပေါင်း ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဝေါ ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ မိုးရာသီဒီရေတောစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က လက်ပံကျေးရွာ ပဲခူးစစ်တောင်းတူးမြောင်းဘေးတွင် ကျင်းပခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ပဲခူးတိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဖေချစ်က ဝေါမြို့နယ်လက်ပံကျေးရွာ၌ မြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင် စေရန်အတွက် မိုးရာသီဒီရေတောသစ်ပင်စိုက်ပျိုးရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးဖေချစ်နှင့် တာဝန်ရှိသူများ၊ ပဲခူးခရိုင် သစ်တော ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တောအုပ်နှင့် တောခေါင်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သစ်ပင်များကို ၃ ဧကအတွက် ဒီရေတော ဗူးချေတောက်အဖိုပင် (၃၆၃၀) ပင်အား စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)