ရမ်းဗြဲ ဇွန် ၁၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးတွင် မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်ရန်အတွက် မျိုးကောင်းမျိုးသန့် (RS) အဆင့်မျိုးစေ့ပေးအပ်ပွဲကို ဇွန်လ ၁၄ ရက် နေ့လည်ပိုင်းက ရမ်းဗြဲမြို့နယ် ရွာကြီးကျေးရွာအုပ်စု တောင်သူပညာပေးစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မျိုးစပါး ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းက အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဦးကျော်ဝင်းက မျိုးကောင်းမျိုးသန့် (RS) အဆင့်မျိုးစေ့ပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တောင်သူများအနေဖြင့် နည်းပညာအသုံးပြု၍ စပါးအထွက်နှုန်း တိုးတက်မြှင့်မားစေရေးအတွက် စပါးပင်များကို စနစ်တကျစိုက်ပျိုးနိုင်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှုး ဘရွှေ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ဝင်းတို့က စိုက်ခင်း(၁၂၀)ဧကအတွက် မျိုးကောင်းမျိုးသန့် (RS) အဆင့်မျိုးစေ့(၁၂၀) တင်းအား တောင်သူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)