မိုးညှင်းမြို့နယ်၌ လယ်သီးထပ်ဆီထွက်နေကြာ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် မျိုးစေ့ချ ကိရိယာသုံး စိုက်ပျိုးမှုကွင်းသရုပ်ပြသခြင်းနှင့် နေကြာမျိုးစေ့များထောက်ပံ့ပေးအပ်
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ရွာသစ်ကုန်းကျေးရွာအုပ်စု တောင်သူဦးဝင်းနိုင်၏ လယ်မြေကွင်းအမှတ် (၃၁၂)တွင် စိုက်ပျိုးရေးဦးစီးဌာနမှ လယ်သီးထပ် ဆီထွက်နေကြာ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် မျိုးစေ့ချစက်ကိရိယာသုံး စိုက်ပျိုးမှု ကွင်းသရုပ်ပြသခြင်းနှင့် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။