ရွှေတောင်မြို့နယ် အ.ထ.ကခွဲသရက်တောကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေတောင် ဇွန် ၁၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်တင်တင်ချိုနှင့်ဝန်ထမ်းအဖွဲ့များသည် ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အ.ထ.ကခွဲသရက်တောကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်တင်တင်ချိုနှင့် ဦးစီးမှူးဦးထက်နိုင်တို့က မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များအကြောင်း၊ ငလျင်ဘေး၊ မိုးကြိုးဘေး၊ ဆူနာမီနှင့်မြေပြိုဘေးစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်တတ်သည့်အချိန်၊ နေရာဒေသအကြောင်းအရာများနှင့် ဘေးအန္တရာယ်များကျရောက်လာပါက ဆောင်ရန်၊ ရှောင်ရန်နှင့်သဘာဝ‌ဘေးအန္တရာယ်ကျရောက်တော့မည်ဟု ကြိုတင်သတင်းရရှိထားပါက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်အချက်များကို ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများ ငလျင်ဘေးနှင့်မိုးကြိုးဘေးအန္တရာယ်ကြုံ‌တွေ့လာရပါက အဆောက်အဦးနှင့်ကွင်းပြင်များတွင် မည်သို့နေထိုင်ရမည်ကို လက်တွေ့သရုပ်ပြသဆောင်ရွက်ပေးခဲ့ပြီး လက်ကမ်းစာစောင်နှင့်ဘောပင်များဝေငှပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)