ပဲခူး ဇွန် ၁၆
ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးစီး၍ ယမန်နေ့ နံနက်ပိုင်းက ဘုရားကြီးမြို့ အမှတ်(၁)ရပ်ကွက်၊ ဘုရားကြီးအနောက်ကွင်း၊ ကွင်းအမှတ်(၅၄၃)၊ ဦးပိုင်းအမှတ်(၄၂)၊ တောင်သူဦးအေးနိုင်၏ လယ်မြေ(၃)ဧကတွင် အစေ့ချကိရိယာ (Drum Seeder)ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်းနှင့် နည်းပညာပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဘုရာကြီးမြို့အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာနကွင်းတာဝန်ခံများနှင့် ဘုရားကြီးမြို့ပေါ်ရပ်ကွက်များ၊ ဝင်္ဂဘော်၊ ဘောနတ်ကြီး၊ စစ်ပင်ဆိပ်၊ လှော်ကား၊ သံစို့ပင်၊ အဆိပ်တောင်၊ ဇီးတော၊ ရွှေတန်၊ ပေါက်တော၊ စသည့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ကြပြီး စိုက်ပျိုးရေးဝန်ထမ်းများက အစေ့ချကိရိယာနှင့်ပတ်သက်၍ နည်းပညာပေးခြင်းများအပြင် အစေ့ချကိရိယာဝယ်ယူလိုသည့်တောင်သူများအား စက်မှုလယ်ယာဦးစီးဌာနနှင့် ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးလာ်မြေဧရိယာ(၁၀၆၁၉၅)ဧကရှိသည့်အနက် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် ပျိုးထောင်စိုက်ပျိုးရန်လျာထားဆောင်ရွက်သည့် ဧက(၅၂၅၉၇)ဧက၊ အစေ့ချကိရိယာ (Drum Seeder)ဖြင့် မျိုးစေ့ချစိုက်ပျိုးရန်လျာထားသည့် ဧက(၂၉၆၇၉) ဧကတို့အား စနစ်တကျစိုက်ပျိုးနိုင်ရေး စီစဥ်ထားရှိပြီး ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်ရာသီအတွင်း မိုးစပါးများအထွက်နှုန်းတိုးတက်လာစေရေးတို့အတွက် ပဲခူးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆၆)အုပ်စုမှ တောင်သူများအား တပြိုင်နက်တည်းတွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ ဆက်)