ကျိုင်းတောင်းမြို့၌ အစေ့ထုတ်ပြောင်းများ စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း

ကျိုင်းတောင်း ဇွန် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ ပြည်သူများသည် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ အစေ့ထုတ်ပြောင်း စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း အစေ့ထုတ်ပြောင်း စိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။

“မိုးကောင်းလာမှုကြောင့် မကြာခင် အချိန်လေးကမှ ပျိုးကြဲထားသည့် အပင်များလည်း ထွက်ရှိလျက်ရှိပါတယ်။ ယခင်ပျိုးကြဲထားခဲ့သည့် အပင်များမှာ ယခုမြင်တွေ့ရသည့်အတိုင်း စိမ်းလန်း၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ်။ အစေ့ထုတ်ပြောင်းကို နမ့်စန်အဝယ်ဒိုင်နဲ့ ခိုလမ်အ ဝယ်ဒိုင်သို့ သယ်ယူပို့ဆောင်ရောင်းချပါတယ်။ ယခင်နှစ်ဈေးနှုန်းကတော့ ဈေးကောင်းရရှိခဲ့တယ်။ ယခုနှစ်မှာလည်း ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိရန် မျှော်လင့်ပါတယ်” ဟု အစေ့ထုတ်ပြောင်း စိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။

သီဟ (ပြန်/ဆက်)