အလုံ ဇွန်လ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်း အများပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ မြို.တော်အဂါရပ်နှင့် အညီလှပတင့်တယ်စေရေးအတွက် မင်းရဲကျော်စွာလမ်းနှင့် နှင်းဆီလမ်းတလျှောက်ရှိ လမ်းမီးများပြုပြင်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အနောက်ပိုင်းခရိုင် လျှပ်စစ်မန်နေဂျာ၊ အနောက်ပိုင်းခရိုင် လျှပ်စစ်အင်ဂျင်နီယာတို့မှ အနီးကပ်ကြီးကြပ်၍ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်း(၅)ဦး၊ YESC လမ်းမီးစည်ဌာနမှ ဝန်ထမ်း(၇)ဦးတို့က Platformယာဉ်(၁)စီးဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်တင်ချို (ပြန်/ ဆက်)