အင်းစိန်မြို့နယ်၌ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်း ဖွင့်လှစ်
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သတင်းစွမ်းဆောင်ရည် တိုးတက်စေရန် ရည်ရွယ်ပြီး သတင်းရေးသားထုတ်ပြန်ခြင်း သင်တန်းကို ဇွန်(၁၅)ရက်နေ့ နံနက်(၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။