တံတားမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး၊ လက်တွေ့မီးငြိမ်းသတ်မှု သရုပ်ဖော်ပြသ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ မြို့မစည်ပင်သာယာရေးအဖွဲ့(အောင်သီရိစျေး)အရှေ့တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။