ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ရေချွေတာသုံးစွဲရေးအသိပညာပေး Talk Show ကျင်းပ

ဗဟန်း ဇွန် ၁၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့၊ ညနေ ၅ နာရီက ရေချွေတာသုံးစွဲရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးမှ ဒေါ်သော်တာဝင်းပြည့်နှင့် စာရေးဆရာခိုင်မင်း(နေပြည်တော်) တို့က  ရေနှင့်ပတ်သက်သည့် အမျိုးအစားများနှင့် ရေကိုချွေတာသုံးစွဲရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရမည့် အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေး ဆွေးနွေးကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)ရုံးအနေဖြင့် ပြည်သူများဗဟုသုတရရှိအောင် Online Talk Show များဖြင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန္ဒာမိုး (ပြန်/ ဆက်)