ရမည်းသင်း ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများ စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၁၆ ရက် နံနက် ၉ နာရီက ရမည်းသင်းခရိုင် လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းက အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာစီစာကုံးပြိုင်ပွဲ ကျင်းပခြင်းရည်ရွယ်ချက်နှင့် လူထုအခြေပြု ဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူများကို လစဉ်ပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲများ ကျင်းပရခြင်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက်၂၀၂၃ခုနှစ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့်စာစီစာကုံးပြိုင်ပွဲ ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား ခရိုင်သစ်တောဦးစီးမှူး၊ ခရိုင်ပြန်/ဆက် ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။
ဇော်ဝင်းအောင်