ညောင်လေးပင် ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က တောရကြီးပရိယတ္တိစာသင်တိုက်၌ ဆောင်ရွက်ပေးခဲ့သည်။
ကျန်းမားရေးစောင့်ရှောက်မှုများပြုလုပ်ပေးရာတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်သိန်းဌေးဦးမှ သံဃာတော်များအား တိုင်းရင်းဆေးများဖြင့် သက်ဆိုင်ရာရောဂါအလိုက် နှိပ်နှယ်ပေးခြင်း၊ ဆေးစည်းပေးခြင်း၊ သောက်ဆေး၊ စားဆေးများပေးခြင်းတို့အား ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မြို့နယ်တိုင်းရင်းဆေးမှူးနှင့်ဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့ပြီး သတ်မှတ်ထားသောနေ့များအလိုက် ဆက်လက်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)