မန်ကန် ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောက်ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show)ကို ယနေ့နံနက် (၁၀) နာရီအချိန်က ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
အဆိုပါ (Talk Show)၌ မန်ကန်မြို့ရုံးမှ ရုပ်သံကျွမ်းကျင်-၃၊ ဒေါ်အေးကပ်က အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒများ၊ ကျောင်းသားလူငယ်များ လိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားအသွင်ဖြင့် တိုက်ဖျက်ရမည့် အကြောင်းအရာများအားလည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်ခိုင်ငြိမ်းသင်းက မူးယစ်ဆေးဝါးသုံးစွဲရသည့် အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ခံစားရသည့် ရောဂါလက္ခဏာများအားလည်းကောင်း အကျယ်တဝင့် ဆွေးနွေးခဲ့သည်။
မန်ကန်မြို့ရုံး၊ (Community Centre)ခန်းမ၌ နေ့ကြီးရက်ကြီးများနှင့်သက်ဆိုင်သည့် အကြောင်းအရာများ၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ နည်းပညာနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အစရှိသည့် အကြောင်းအရာများအား အများပြည်သူ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ (Talk Show)များ ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
အေကပ်(မန်ကန်၊ ပြန်/ဆက်)