ခိုလမ်မြို့၊ အ.မ.က(မူလွန်) ဝမ်ဖွီးကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ လက်ကမ်းစာစောင်နှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်

ခိုလမ် ဇွန် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲကို ယနေ့နံနက်(၁၀:၃၀) အချိန်တွင် အ.မ.က(မူလွန်) ဝမ်ဖွီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ဖြူဖြူသော်က ကျောင်းသားများ သိရှိနားလည်ထားသင့်သည့် မူးယစ်ဆေးဝါးအကြောင်းများ၊ မူးယစ်ဆေးကြောင့် လမ်းမှားရောက်နေသော လူငယ်များအကြောင်း၊ မူးယစ်ဆေးဆွဲနေသူ တစ်ယောက်၏ ရောဂါလက္ခဏာများစသည့် အကြောင်းအရာများကို ကျောင်းသား/ကျောင်းသူများ သိရှိနားလည်နိုင်စေရန် အသိပညာပေး ဟောပြောပေးခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များနှင့် နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)