ကြို့ပင်ကောက် ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် အနာဂတ်သားကောင်းရတနာလေးများ အသိဉာဏ်ဗဟုသုတများ တိုးတက်လာစေရန် အသိပညာပေးလုပ်ငန်းများကို လက်ပံပင်စုကျေးရွာ မူလတန်းလွန်ကျောင်းတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
လက်ပံပင်စုကျေးရွာမူလတန်းလွန်ကျောင်းတွင် မူးယစ်ဆေးဝါတာဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသခြင်း အသိပညာပေးဟောပြောခြင်း၊ အဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ ပုံပြင်စာအုပ်များဖြင့် ပုံပြောခြင်း၊ အသိပညာပေး နံရံကပ် စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကလေးငယ်များ စိတ်ဝင်တစားလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
အဆိုပါလက်ပံပင်စုကျေးရွာ မူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူ ၁၆၇ ဦးအား ဆရာဆရာမ ၁၀ ဦးမှ ပညာသင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ပြန်ဆက်ရုံးတွင် ကျင်းပပြုလုပ်သော အသိပညာပေး အစီအစဉ်များ ပြိုင်ပွဲများတွင်လည်း ကျောင်းသား ကျောင်းသူများက ဆရာ၊ ဆရာမများနှင့်အတူ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)