လားရှိုး ဇွန် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနမှ ဦးဆောင်၍ မိုးရာသီသစ်ပင် စိုက်ပျိုုးပွဲကို ယနေ့နံနက်(၇)နာရီအချိန်က လားရှိုးမြို့၊ ရပ်ကွက်(၁၁) လားရှိုးဂေါက်ကွင်းအနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ၊ စည်ပင်သာယာ ဌာနမှဝန်ထမ်းများ၊ လားရှိုးဂေါက်ကလပ်မှဝန်ထမ်းများ တက်ရောက်ကာ သစ်ပင်များ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် ယနေ့သစ်ပင်စိုက်ပျိုးပွဲတွင် စိန်ပန်းပြာ(၁၁၈)ပင်၊ ကျွန်းပင်(၃၂)ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် လားရှိုးမြို့သာယာလှပရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သစ်ပင်စိုက်ပျိုးခြင်း၊ မြို့တွင်းလမ်းများ သန့်ရှင်းသာယာ လှပရေးအတွက် လမ်းလယ်ကျွန်းများတွင် ပန်းပင်များစိုက်ပျိုးခြင်း၊ လမ်းသားများမြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)