မင်းလှမြို့တွင် စီးပွားရေးလုပ်ငန်းရှင်များ ရှေင်ကျဉ်ရမည့် တားမြစ်ချက်များအကြောင်း သိကောင်းစရာ  Talk Show ဆွေးနွေးပွဲပြုလုပ်

မင်းလှ ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)တွင် စီးပွားရေးလုပ်ငန်းရှင်များ ရှေင်ကျဉ်ရမည့် တားမြစ်ချက်များနှင့်ပတ်သက်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ်ကို ယနေ့ နံနက် ၉ နာရီချိန်က ဆောင်ရွက်ခဲ့သည်။

အသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မာဝင်းက အသိပညာပေး Talk Show ဆွေးနွေးပွဲပြု လုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြား၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစိန်ဝင်းက စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်(၁၁)ချက်၊ စားသုံးသူများကို စမ်းသပ်နိုင်သည့် အခွင့်အရေးပေးခြင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဂတိပြုထားသော အာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ဂတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်း၊ တားမြစ်ချက်များ ကျူးလွန်ပါက ကျရောက်မည့်ပြစ်ဒဏ်များ စသည့် အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)