ချောက် ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့က ချောက် မြို့မဈေးအတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ စားသုံးရန်မသင့် တားမြစ်ထားသောစား သောက်ကုန်များ စျေးကွက်အတွင်း ရောင်းချမှုရှိ/မရှိကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ် တာဝန်ခံဒေါ်မြတ်မြတ်မိုးမှ မြို့မဈေးအတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များ အား(၂၀၁၉) စားသုံးသူကာကွယ်ရေး ဥပဒေပါပုဒ်မ(၄၁)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်အညီ စားသောက်ကုန်များစျေးကွက်အတွင်း ရောင်းချမှုမရှိစေရေး၊ ဌာနမှ ထုတ်ပြန်ထားသော ဥပဒေအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ဝယ်ယူသုံးစွဲနေကြသော စားသုံးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက် အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)