မူဆယ်မြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ယမန်နေ့ နံနက်(၉း၀၀)အချိန်က ဟိုမွန်ရပ်ကွက်၊ မြို့တော်ခန်းမရှေ့၌ မော်တော်ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ထိန်းသိမ်းလိုက်နာကြစေရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့ကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

မော်လမြိုင်ကျွန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ယမန်နေ့ နေ့လည်(၁)နာရီအချိန်က စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာ ညီညီနိုင်၏"အောင်မြင်ရေးသော့ချက်" စာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျုတာသင်တန်း အမှတ်စဥ် (၁/ ၂၀၂၃) ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ကျောင်းသား ကျောင်းသူလူငယ်လူရွယ်များ အသိပညာ၊ အတတ်ပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အခြေခံ ကွန်ပျုတာသင်တန်းအမှတ်စဥ် (၁/ ၂၀၂၃) ကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (ပန်းတနော်) အဆောက်အအုံရှိ လေ့ကျင့်ရေးခန်းမ၌ စတင်ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိသည်။

ပခုက္ကူတက္ကသိုလ်၌ ရာသီဥတု​ပြောင်းလဲခြင်းနှင့် အကျိုးသက်ရောက်မှုအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ ပခုက္ကူတက္ကသိုလ်၌ ရာသီဥတုပြောင်းလဲခြင်းနှင့် အကျိုးသက်ရောက်မှုများအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က အဆိုပါတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးစိုက်ပျိုးရေးသိပ္ပံ(ဘားအံ)ကျောင်းသား၊ကျောင်းသူများအားတွေ့ဆုံအားပေး၊ မိုးကြိုထယ်ရေးစုပေါင်းထွန်ယက်ပွဲ၌ မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့နှင့် မြေဩဇာများထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့်စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးသိပ္ပံ(ဘားအံ)၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူများအား သွားရောက်တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

မိုးနဲမြို့နယ်၌ မိုးရာသီ စု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာန၏စီစဉ်မှုဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစို‌ပြေရေးအတွက် မိုးရာသီ စု‌ပေါင်းသစ်ပင် စိုက်ပျိုးပွဲကို နားခံကျေးရွာအုပ်စု၊ ဝမ်ယေးကျေးရွာ၊ စက်တော်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေနေရာ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ရာ လင်းခေးခရိုင် သစ်တောဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မိုးနဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီး‌‌ရေးရာအဖွဲ့ဝင်များ၊ စစ်မှုထမ်း‌ဟောင်းအဖွဲ့ဝင်များ၊ မီးသတ်နှင့်ကြက်‌‌ခြေနီ တပ်ဖွဲ့ဝင်များ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ လားဟူတိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား ၂၅၀ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

မန့်ဟီးရိုးမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/သူများနှင့် စာဖတ်ဝိုင်း ကျင်းပ

ကျောင်းသား/သူများ စာဖတ်ရှိန် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ ကျောင်းစာအပြင် အထွေထွေ ဗဟုသုတများ တိုးတက်မြင့်မားလာစေရေး၊ စာဖတ်ချင်စိတ် တိုးတက်လာစေရေးနှင့် စာပေနှင့် ရင်းနှီးထိတွေ့မှု များပြားလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများနှင့် ယမန်နေ့နေ့လည် (၁:၀၀)အချိန်က စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်စာကြည့်တိုက်အတွက် Succar Foundation နှင့် Unicef တို့ ပူးပေါင်းပြီး ကွန်ပျူတာ ၊ Printer နှင့် စပ်ဆက်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ၌ ဖွင့်လှစ်ထားရှိသည့် မေတ္တာရင်ခွင် စာကြည့်တိုက်အတွက် စာကြည့်တိုက်လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့က Succar Foundation နှင့် Unicef တို့ ပူးပေါင်းပြီး ကွန်ပျူတာ ၊ Printer နှင့် စပ်ဆက်ပစ္စည်းများ လာရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မုံးကိုးမြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များ လက်ဝယ်အရောက် သွားရောက် ငှားရမ်းပေးခြင်းများ ဆောင်ရွက်

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များ လက်ဝယ်အရောက် သွားရောက် ငှားရမ်းပေးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မုံးကိုးမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့နံနက်(၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ မြစ်ကြီးနားမြို့တွင်း မိန်းလမ်းမများနှင့် အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ပြည်နယ်၏ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ ခေတ်မီပြီး စနစ်ကျသည့် မြို့ပြစနစ်တစ်ခုဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် မြို့တွင်းမိန်းလမ်းများနှင့် အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
Subscribe to