ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်စာကြည့်တိုက်အတွက် Succar Foundation နှင့် Unicef တို့ ပူးပေါင်းပြီး ကွန်ပျူတာ ၊ Printer နှင့် စပ်ဆက်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ပွင့်ဖြူ ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ၌ ဖွင့်လှစ်ထားရှိသည့် မေတ္တာရင်ခွင် စာကြည့်တိုက်အတွက် စာကြည့်တိုက်လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယမန်နေ့က Succar Foundation နှင့် Unicef တို့ ပူးပေါင်းပြီး ကွန်ပျူတာ ၊ Printer နှင့် စပ်ဆက်ပစ္စည်းများ လာရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကျေးရွာစာကြည့်တိုက်လုပ်ငန်းအတွက် အသုံးပြုရန် ကွန်ပျူတာ၊ Printer နှင့် စပ်ဆက်ပစ္စည်းများ လာရောက်ထောက်ပံ့လှူဒါန်းရာတွင် Succar Foundation မှ ဆရာမ ဒေါ်ထွေးထွေးက စာကြည့်တိုက် လုပ်ငန်းသုံး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်းပြီး ဆွေးနွေး ပြောကြားပြီး နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်စာကြည့်တိုက်ကော်မတီ အကျိုးတော်ဆောင် ဦးမိုးနန်းဝေက ကျေးရွာစာကြည့်တိုက်အတွက် ထောက်ပံ့ပစ္စည်းများ လှူဒါန်းပေးမှုအပေါ် ကျေးရွာနေ ပြည်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် Succar Foundation နှင့် Unicef အဖွဲ့မှ တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာ မေတ္တာရင်ခွင်စာကြည့်တိုက်အတွက် အသုံးပြုနိုင်ရန် ကွန်ပျူတာ (၁)လုံး ၊  Printer (၁)လုံး၊ Tablet (၂)လုံးနှင့် စပ်ဆပ်ပစ္စည်းများကို ထောက်ပံ့လှူဒါန်းရာ ကျေးရွာစာကြည့်တိုက် ကော်မတီ အကျိုးတော်ဆောင် ဦးမိုးနန်းဝေက လက်ခံရယူခဲ့ပြီး အလှူရှင်ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )