ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အေးသာယာစက်မှုဇုန်နှင့် မွေးမြူရေးဇုန်ရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက်(၁၀)နာရီက တောင်ကြီးမြို့နယ် အေးသာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံး အစည်းအဝေးခန်းမ၌ စက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံကြောင်း သိရသည်။