ပန်းတနော် ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ကျောင်းသား ကျောင်းသူလူငယ်လူရွယ်များ အသိပညာ၊ အတတ်ပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အခြေခံ ကွန်ပျုတာသင်တန်းအမှတ်စဥ် (၁/ ၂၀၂၃) ကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (ပန်းတနော်) အဆောက်အအုံရှိ လေ့ကျင့်ရေးခန်းမ၌ စတင်ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိသည်။
အဆိုပါ သင်တန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းနည်းပြ ဆရာမက Microsoft word ၊ Excel စသည့်တို့ကို အခြေခံမှစ၍ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည့်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် ပန်းတနော်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန်လ ၁၇ ရက်မှ သြဂုတ်လ ၂၀ ရက်နေ့အထိ အပတ်စဥ် စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီမှ ၁နာရီအထိ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)