မူဆယ် ဇွန် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ယမန်နေ့ နံနက်(၉း၀၀)အချိန်က ဟိုမွန်ရပ်ကွက်၊ မြို့တော်ခန်းမရှေ့၌ မော်တော်ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ထိန်းသိမ်းလိုက်နာကြစေရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့ကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းစစ်ရေးရာတွင် မူဆယ်မြို့၊ မြို့နယ်စီမံအုပ်ချုပ်ရးအဖွဲ့ဝင် ဗိုလ်မှူး ထွန်းထွန်းဇော်နှင့် မူဆယ်မြို့၊ အထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းတို့က ဦးဆောင်၍ မူဆယ်မြို့၊ ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်လင်း၊ ကုန်လမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာန စစ်ဆေးရေးမှူးအဆင့်(၂) ဦအေးလွင်နှင့် အဖွဲ့ဝင်များ၊ မူဆယ်မြို့ တွဲဖက်မြို့နယ်တရားသူကြီး ဦးဇွဲမာန်ပိုင်၊ မူဆယ်ခရိုင် အမှတ်(၁၂၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ဒုရဲမှူး ဦးကျော်ဇင်လတ်နှင့်အဖွဲ့ဝင်များ၊ မူဆယ်မြို့ ယာဉ်ကြီးကြပ်အဖွဲ့ ဦးမျိုးခိုင်နှင့်အဖွဲ့ဝင်များ၊ မူဆယ်မြို့မရဲစခန်း ရဲအုပ်ငွေတိုးနှင့်အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး မောင်တော်ယာဉ်များတွင် ဖောင်းကြွနံပတ်ပြားအသစ်များ ပြောင်းလဲ တပ်ဆင်ထားမှု ရှိ/မရှိများကို စစ်ဆေးခြင်း၊ အသက်ကယ်ထိုင်ခုံခါးပတ်များအား မော်တော်ယာဉ်မောင်းများ တပ်ဆင်မောင်းနှင်ခြင်း ရှိ/မရှိများကို စစ်ဆေးခြင်း၊ မော်တော်ယာဉ်မောင်းများ ယာဉ်မောင်းလိုင်စင် ရှိ/မရှိ စစ်ဆေးခြင်းနှင့် မော်တော်ယာဉ် လိုင်စင်များကို သက်တမ်းတိုးမြှင့်ထားမှု ရှိ/မရှိများအား စစ်ဆေးခဲ့ကာ တိုးမြှင့်ထားမှု မရှိပါက ဆက်လက်တိုးမြှင့်ကြရန် မေတ္တာရပ်ခံအသိပေး ပြောကြားခဲ့ပါသည်။ ထို့အပြင် မော်တော်ယာဉ် များတွင် လိုက်ပါစီးနှင်းသူများ၏ အသက်အန္တရာယ်သည် ယာဉ်မောင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်သွားကြရန်အတွက် ယာဉ်မောင်းများကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)