စနစ်ကျလယ်ယာမြေတွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ မြန်အောင်တွင် ကျင်းပပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၃)စက်မှုလယ်ယာစခန်းမှ ၂၀၂၃-၂၀၂၄ ခုနှစ် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၇ နာရီက ထန်းသုံးပင်ကျေးရွာအုပ်စု စနစ်ကျ ဧက(၁၀၀)ကွင်းရှိ ကွင်းအမှတ်(၂၄၉)တောင်သူ ဦးစိုး၊ ဦးအောင်မင်း၊ ဦးတင်ဦး၊ ဦးဇော်အောင်တို့၏ လယ်မြေ(၄) ဧကတွင်ကျင်းပပြုလုပ်ခဲ့သည်။