တုံတာ ဇူလိုင် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် နိုင်ငံတော်မှထောက်ပံ့ပေးသည့် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များကို ဇူလိုင် ၁ ရက်က တုံတာမြို့ပေါ်ရပ်ကွက်များတွင် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
တုံတာမြို့အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားလူမှုရေးပင်စင်၊ ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်ဖြစ်သည့် ဧပြီ၊ မေ၊ ဇွန် လများအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ဘိုးဘွား ၁၁ ဦးအတွက် စုစုပေါင်းငွေကျပ် ၃၃၀၀၀၀ ကို မိုင်းပျဉ်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ရုံးကတုံတာမြို့ အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ပြီး အဆိုပါထောက်ပံ့ငွေများအား တုံတာမြို့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်လတ်က မြိုပေါ်ရပ်ကွက် ၄ ရပ်ကွက်မှ လူမှု့ရေးပင်စင် အကျိုးခံစားခွင့်ရှိသူ ဘိုးဘွားများ လက်ဝယ်ရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
မြတ်မွန်(ပြန်/ဆက်)