တနင်္သာရီမြို့တွင် မွေးကင်းစအရွယ်မှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်း လစဉ်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ကလေးငယ်များ ရောဂါကင်းရှင်းပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၈နာရီအချိန်မှ နေ့လယ် ၂ နာရီအထိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် တာဝန်ခံ သားဖွားဆရာမ ဒေါ်မာမာခိုင်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထိုးနှံ/တိုက်ကျွေးပေးကြကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့၌ တတိယအကြိမ်မြောက် ပန်းအလှဆင် ပန်းအလှပြင်သင်တန်းနှင့် အင်္ဂလိပ်စာ (4-Skill) သင်တန်း ဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထု‌အခြေပြုဗဟိုပြုဌာန (Community Centre)၌ တတိယအကြိမ်မြောက် ပန်းအလှဆင်/ ပန်းအလှပြင်သင်တန်းနှင့် အင်္ဂလိပ်စာ (4-Skill) သင်တန်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက စတင်ဖွင့်လှစ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါ ယမနေ့အခမ်းအနားတက်ရောက်

(၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သမဝါယမအသင်းဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရသေ့တောင်မြို့နယ် လေဘေးသင့် တောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်က ထောက်ပံ့သော မျိုးစပါးများ ရောက်ရှိဖြန့်ဝေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော လေဘေးသင့် တောင်သူများ၏ စပါးစိုက်ပျိုးရေးကဏ္ဍပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်ကထောက်ပံ့သော မျိုးစပါးများ ပထမအကြိမ်အဖြစ် GW11 နှင့် နှံကောက်အမျိုးအစား မျိုးစပါးတင်းပေါင်း ၁၀၄၆၂ တင်းကို စစ်တွေမြို့မှ ရသေ့တောင်မြို့သို့ ကုလားတန်(၆) ရေယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့နံနက် ၇နာရီ ၃၀ မိနစ်က ရောက်ရှိလာသည်။

အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး လူသုံးကုန် ဆပ်ပြာရည်၊ ဆပ်ပြာခဲပြုလုပ်နည်းသင်တန်းဖွင့်ပွဲ ပုသိမ်မြို့၌ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအနေဖြင့် လူသုံးကုန်ဆပ်ပြာရည်၊ ဆပ်ပြာခဲပြုလုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းအစည်းဝေးခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ 
Subscribe to