မင်းဘူး(စကု)မြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီ တမာပျိုးပင်များ ပေးအပ်ပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီ တမာပျိုးပင်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ထောက်ရှာပင်ကျေးရွာအုပ်စု၊ ရွှေတပင်ပျိုးဥယျာဉ်၌ ကျင်းပခဲ့သည်။