နမ္မတူ ဇူလိုင် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲအချိန်က အဆိုပါအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် ရှေဦးစွာ ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက် ဥက္ကဌ သဘာပတိကြီး ဦးစိုင်းခမ်းကျန်က အဖွင့်အမှာစကားပြောကြားပြီး နမ္မတူမြို့နယ် သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီထွန်းက ထပ်ဆင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ အသင်းအမှုဆောင်ဒါရိုက်တာ အဖွဲ့ဝင်များနှင့် အသင်းစာရင်းစစ်တို့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာအားလည်းကောင်း၊ အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်းစာရင်းအားလည်းကောင်း၊ အမြတ်ခွဲဝေစာရင်းနှင့် အသင်း၏ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရှေ့လုပ်ငန်းစဉ်များအားလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၏ အသင်းစာရင်းစစ် အစီရင်ခံစာအားလည်းကောင်း အသင်းတာဝန်ရှိသူများက အသီးသီးဖတ်ကြားတင်သွင်းခဲ့ရာ သဘာပတိကြီးမှ အတည်ပြုချက်ရယူပေး ခဲ့သည်။
အစည်းအဝေးသို့ ဌာနဆိုင်ရာဝန်ထမ်ထမ်းများ၊ အသင်းသူအသင်းသားများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးစိုင်းခမ်းကျန်ထံက သိရသည်။
လူမော် (ပြန်/ဆက်)