မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗဟန်းမြို့နယ် စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန် ဇူလိုင် ၂

မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် (Abate)ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဆောင်ရွက်ရာတွင် ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်ရပ်ကွက်၊ ရွှေဂုံလမ်းရှိ အမှတ်()အခြေခံပညာအလယ်တန်းကျောင်းတွင် မိုးရာသီကာလတွင် ခြင်ပေါက်ပွားမှု များပြားလာခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ ဆရာမများ သွေးလွန် တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့်ငှက်ဖျားရောဂါ ကင်းဝေးစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း၊ အဘိတ်(Abate) ဆေးခတ်ခြင်းလုပ်ငန်းနှင့် ကျောင်းစာသင်ခန်းများအား ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌အောင်ကိုလတ် ဦးဆောင်၍ ဗဟန်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်‌ရေးမှူးရုံးအဖွဲ့၊ လမ်းတံတား၊ ပန်းဥယျာဉ်၊ ရေစီးရေလာ၊ ကျန်းမာ‌ရေးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဝန်ထန်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့များ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၊ ပရဟိတအသင်းအဖွဲ့များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ပြည်သူများ စုပေါင်းဆောင်ရွက်ကြသည်။

ဆက်လက်၍ မြို့နယ်စည်ပင်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ကျန်ရှိနေသော စာသင်ကျောင်းများသို့ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)