လားရှိုးမြို့၌ ပြည်နယ်ဒုတိယအဆင့် ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော်ပြိုင်ပွဲ ကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပ ပြုလုပ်သည့် ပြည်နယ်ဒုတိယအဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော် ပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီအချိန်က လားရှိုးမြို့ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။