ပုလော ဇူလိုင် ၂
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဆပ်ပြာဆီလုပ်နည်းသင်တန်းကို ယမန်နေ့ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က အမျိုးသမီးများအနေဖြင့် ပြင်ပတွင် စီးပွားရှာဖွေရန် အချိန်မပေးနိုင်သော်လည်း အိမ်မှာ နေထိုင်ရင်း မိသားစုစားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ် ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပုလောမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်စန်းစန်းဝေက အမျိုးသမီး များအနေဖြင့် အိမ်မှုတာဝန်ထမ်းဆောင်ရင်း စီးပွားရှာနိုင်သည့် လုပ်ငန်းများစွာရှိသည့်အနက် အဆိုပါလုပ်ငန်းက အရင်းအနှီးနည်းကြောင်း၊ ဆပ်ပြာသည် မိသားစုအတွက် နေ့စဉ် မရှိမဖြစ်သည့် လူသုံးကုန် ပစ္စည်းတစ်ခုဖြစ်ကြောင်း ပစ္စည်းအရည်အသွေးကောင်းကို ထုတ်လုပ် နိုင်ပါက သုံးစွဲသူများ နှစ်သက်ပြီး ရောင်းအားမြှင့်မားပါက မိသားစုစီးပွားရေးအတွက် အဆင်ပြေ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ပုလောမြို့နယ်ရှိ အမျိုးသမီး(၃၀)ဦး တက်ရောက်ခဲ့ပြီး မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များက ဆပ်ပြာဆီလုပ်နည်းသင်တန်းကို လက်တွေ့ သင်ကြား ပေးခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)