ဝိုင်းမော်မြို့နယ်၌ (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံစားကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချ

၂၀၂၃ခုနှစ် ဇူလိုင် ၁ ရက်‌နေ့တွင် ကျရောက်သည့် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝိုင်းမော်မြို့နယ် သမဝါယမဦးစီးဌာနမှ မီးဖိုချောင်သုံး အခြေခံစားကုန်များအား ဈေးနှုန်းသက်သာစွာ ရောင်းချခြင်းကို ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်သမဝါယမဦးစီးဌာနမှူးရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် မြောင်းမြမြို့ ကျွန်းတောတံတားဖွင့်ပွဲ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် မြောင်းမြမြို့ ဒီးဒုတ်ဦးဘချိုလမ်း၊ ကျွန်းတောတံတားဖွင့်ပွဲ မင်္ဂလာအခမ်းအနားသို့ ယမန်နေ့နံနက် ၈:၃၀ အချိန်က တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်၊ ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက်အတွင်း သီးထပ်သီးနှံစိုက်ပျိုးရေးနှင့်အတူ ငါးမျိုးစိုက်ထည့်မွေးမြူနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်အတွင်းရှိ ဂေါက်သီးရိုက်သူများ၏ 7 th Tournament of Hold in One Group မှ ကြီးမှူးကျင်းပသည့် မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၁ ရက်က ကျင်းပပြုလုပ်ရာဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၆ နာရီတွင် မြစ်ကြီးနားမြို့ Northen Star ဂေါက်ကလပ်၌ ကျင်းပပြုလုပ်သည်။

ကျိုက်မရောတွင် မွေးကင်းစမှ အသက် ၂ နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်မရောတွင် မွေးကင်းစမှ  အသက် ၂ နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင် များအားလစဥ်ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ခြင်းကို ယနေ့နံနက် ၉နာရီ မှ စတင်ကာရပ်ကွက်ကျန်းမာရေး ဆေးပေးခန်း၌ ဆောင်ရွက်ပေးလျက် ရှိသည်။

မရမ်းကုန်းမြို့နယ်၌ (၁၀၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်အတွင်းရှိသမဝါယမသင်းများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ လမ်းခင်းခြင်းနှင့် သမဝါယမအရောင်းဆိုင်များရှိ ကုန်ပစ္စည်းများအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်း

(၁၀၁)နှစ်​​​မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယ​မန်​နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်း သမဝါယမသင်းများမှ စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခြင်း၊ လမ်းခင်းခြင်းနှင့် သမဝါယမအရောင်းဆိုင်များမှ ကုန်ပစ္စည်းများအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မော်လမြိုင်မြို့တွင် ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဦးသျှောင်မကိုဋ်တော်အား ရွှေစင်၊ ရွှေသား ကပ်လှူပူဇော်နိုင်ရန်အတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ဦးသျှောင်မကိုဋ်တော်အား ရွှေစင်၊ ရွှေသား ကပ်လှူပူဇော်နိုင်ရန်အတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ မဟာမြတ်မုနိဘုရားကြီး ဓမ္မသာလဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

မင်းလှမြို့နယ်တွင် မိုးစပါးဧက (၆၁၄၂၁) စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးခြင်း လျာထားချက်ဧက (၇၆၁၄၁)ရှိရာ ယနေ့ထိ (၆၁၄၂၁)ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အဆင့် ဓမ္မစင်္ကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှု ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဌာန ဓမ္မစင်္ကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဖတ်ပူဇော်မှုပြိုင်ပွဲကို ဇူလိုင်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီက မော်လမြိုင်မြို့ လှိုင်ရပ်ကွက် ဓမ္မဗိမာန်တော်ကြီး၌ ကျင်းပသည်။

မွန်ပြည်နယ် အသက် ၁၉ နှစ်အောက် (၁၀) မြို့နယ်၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ် အသက် ၁၉ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ည​နေပိုင်းက ​မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပ ပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် အားကစားဝါသနာ ရှင်များ တက်​ရောက်သည်။

ပုဇွန်တောင်မြို့နယ် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူး​ပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန “Community Center’’ ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယမန်​​​နေ့နံနက် ၁၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to