ခရမ်းမြို့နယ်‌၊ မောင်းမကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက် သင်တန်းဆင်းပွဲ ကျင်းပ

ခရမ်း ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး‌၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးပွားစေရန် ဆင်းရဲမှုနှုန်းလျှော့ကျစေရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်‌စေရန်ရည်ရွယ်၍ ‌‌၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မောင်းမကျေးရွာအုပ်စု၊ မောင်းမကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု‌ မော်တာအပ်ချုပ်စက် သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် သန်လျင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊  ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်က အမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူ၍ သင်တန်းနည်းပြ (၂) ဦးအား မြို့နယ်‌ဦးစီးမှူး ဒေါ်ထားထားနိုင် က အမှတ်တရလက်ဆောင်ပစ္စည်းများ‌ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းသို့ သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြ (၂) ဦးတို့က စာ‌တွေ့လက်‌တွေ့ (၃၀) ရက်ကြာ သင်တန်းပို့ချ‌ပေးခဲ့ကြောင်း သိရှိရသည်။

ခရမ်း (ပြန်/ဆက်)