လဲချားတွင် ဂုဏ်ပြုပူဇော်ခြင်း၊ စာအောင်လက်မှတ် ဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ရာများ လောင်းလှူခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ဂုဏ်ပြုပူဇော်ခြင်း၊ စာအောင်လက်မှတ်ဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ရာများ လောင်းလှူခြင်း အခမ်းအနားကို ယနေ့နေ့လည်(၁၂)နာရီအချိန်က ဟွေရင်ကျောင်း ပရိယတ္တိစာသင်တိုက်တွင် ကျင်းပခဲ့ပါသည်။

ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းများဆောင်ရွက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာ‌စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် စံပြ ကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောက်ခရိုင် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီ တမာပျိုးပင် စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ချောက်ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီတမာပျိုးပင် စိုက်ပျိုးပွဲအခမ်းအနားကို ယ​မန်နေ့နံနက်(၈)နာရီအချိန်က အမှတ်(၁၄)ရပ်ကွက် စစ်ကွင်းရပ်ရှိ​ စု​ပေါင်းရုံး ဝန်းအတွင်း၌ ကျင်းပ​ပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ ကောက်စိုက်စက်ဖြင့် မျိုးသန့်မျိုးပွား မျိုးစေ့ထုတ်( RS) စပါး စတင်စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးသန့်ခြံ(မျိုးစေ့ထုတ်ဌာနခွဲ)ရှိ စိုက်ခင်းများ၌  ပျိုးထောင်ထားသော (RS)စပါးပျိုးပင်များအား ဌာနပိုင်ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး ဝန်ထမ်းများက စတင်ဆောင်ရွက်ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတား တည်ဆောက်ခြင်း လုပ်ငန်းပြီးစီးမှုနှင့် ရေမြောင်းများတူးဖော်နေမှုအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တိုင်းဒေသကြီး‌ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ပုသိမ်မြို့ ကမ်းနားလမ်း၊ မြေနုလမ်းဆိပ်ခံတားနှင့် ဥမ္မာဒန္တီဆိပ်ခံတံတားအကြား ကမ်းနားလမ်းတိုးချဲ့ ဆိပ်ခံတံတား (Jetty) အလျား(၅၃၀)ပေ တည်ဆောက်ပြီးစီးမှု၊ ဥမ္မာဒန္တီဆိပ်ခံတံတားနှင့် ဗိုလ်မြတ်လေးဆိပ် ခံတံတားအကြားတွင် ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတားအလျား(၂၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်း​ဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်း​ဒေသကြီးဦးစီးမှူးက လုပ်ငန်း​ဆောင်ရွက်ပြီးစီးမှုအ​ခြေအ​နေများ ဆက်လက်လက်​ဆောင်ရွက်မည့် အ​ခြေအ​နေများအား လိုက်လံရှင်းလင်း တင်ပြခဲ့သည်။

ကျွန်းလှမြို့နယ်၌ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ ဆက်လက်ထိုးနှံတိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက်နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံတိုက်ကျွေးကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ မျိုးကောင်း မျိုးသန့် မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ရေး စိုက်ပျိုးလျက်ရှိသည့် မျိုးစေ့ထုတ်သီးနှံများ စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် မျိုးသန့်ခြံ၌ တိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ် သမားများအတွက် ဒေသရေမြေရာသီဥနှင့်ကိုက်ညီပြီး သီးနှံအထွက်နှုန်းကောင်းမွန်သော မျိုးကောင်း မျိုးသန့် မျိုးစေ့များကို ဖြန့်ဖြူးပေးနိုင်ရန် စိုက်ပျိုးလျက်ရှိသည့် သီးနှံများ ယခုအခါ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ကန့်ဘလူမျိုးသန့်ခြံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ပြည်ထောင်စုလမ်းအမှတ် ၂ နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ၂၀၂၃-ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်ထောင်စုလမ်းအမှတ် ၂ နိုင်လွန်ကတ္တရာ လမ်းသစ် ဖွင့်ပွဲအထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ဂေါက်ကလပ်တွင် ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများနှင့် ဂေါက်သီးရိုက်အားကစားသမားများတက် ရောက်ကြသည်။

ငရုတ်ကောင်းမြို့၌ ပြည်သူများအတွက် ကြက်ဥနှင့် ဝက်သားများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ အခြေခံစားသောက်ကုန်များဖြစ်သော ကြက်ဥနှင့် ဝက်သားများအား ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ငရုတ်ကောင်းမြို့ ဌာနဆိုင်ရာများမှ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်၊ လမ်းမတော်လမ်း၌ ရောင်းချပေးခဲ့ကြသည်။

ငပုတောမြို့၌ မြန်မာ့အမျိုးသမီးများနေ့အထိမ်းအမှတ်အကြို မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
Subscribe to