တပ်ကုန်းမြို့၌ နိုင်ငံတော်အစိုးရမှ ဆက်ကပ်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ၄ ပါးနှင့် သီလရှင် ၁ ပါးတို့အား ထပ်ဆင့်ချီးကျူးပူဇော်သည့် “ဂုဏဝိသိဋ္ဌပူဇာ” အခမ်းအနားကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် နိုင်ငံတော်အစိုးရမှဆက်ကပ်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ၄ ပါးနှင့် သီလရှင် ၁ ပါးတို့အား ထပ်ဆင့်ချီးကျူးပူဇော်သည့် “ဂုဏဝိသိဋ္ဌပူဇာ”အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ဗုဒ္ဓသာသနာ့ပြုဗိမာန်တော်ကြီးတွင် ကျင်းပသည်။