သရက် ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပခြင်းခြင်ကို ယနေ့နံနက်(၈)နာရီက ရေမှတ်တိုင်လမ်း သစ်တောဧည့်ရိပ်သာ ဝန်းအတွင်းကျင်းခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် သစ်တော်ဦးစီးဌာနက အရာရှိနှင့် ဝန်ထမ်းများ တက်ရောက် ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလတ်နှင့် အဖွဲ့ဝင်များကပေးအပ်ရာ သစ်ပင်များကို ခရိုင် အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်ယာဉ်မင်းသူနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဝင်(၃) ဒေါ်စန်းစန်းတင့်တို့က လက်ခံပေးခဲ့သည်။
ထို့နောက် မယ်ဇလီ(၅၀)ပင်၊ ရေတမာ(၅၀)ပင်၊ကျွန်း(၅၀)ပင်၊ ယင်းမာ(၅၀)ပင်နှင့် တမာ(၁၀၀) ပင်တို့အား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေားရာ အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ သစ်ပင်များ စိုက်ပျိုးနေမှုအား လှည်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)