ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ပန်းတောင်းမြို့နယ် စွယ်တော်ကျေးရွာအုပ်စုရှိ ရေနံရှာဖွေရေးအစမ်းတွင်းနှင့် တွင်းတူးစက်အား လှည့်လည်ကြည့်ရှုစစ်ဆေး

ပန်းတောင်း ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ် စွယ်တော်ကျေးရွာအုပ်စုရှိ Haina Global Pte Ltd ကုမ္ပဏီအခြေစိုက် EP 4 ဧရိယာရှိပန်းတောင်း (၁)ရေနံအစမ်းတွင်း၌ Bashneft International B. V ကုမ္ပဏီသည် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း၍ ရေနံရှာဖွေရေးလုပ်ငန်းခွင်သို့ ယမန်နေ့နံနက်ပိုင်းက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ရေနံရှာဖွေရေးအစမ်းတွင်းနှင့် တွင်းတူးစက်လုပ်ငန်းခွင်သို့ ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲမှူး ရဲမှူးသန်းလွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ပြည်ထောင်စုဝန်ကြီးအား တာဝန်ရှိသူအသီးသီးမှလုပ်ငန်းခွင်၌ ဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာများ ရှင်းလင်းတင်ပြ၍သော်လည်းကောင်း၊ ရေနံရှာဖွေရေးအစမ်း တွင်းတူးလုပ်ငန်းခွင်၌ တာဝန်ထမ်းဆောင်နေသော ကိုယ်စားလှယ်အရာရှိကြီးများမှ တစ်ဦးချင်းမိတ်ဆက်ခြင်း၊ ရေနံအစမ်းတွင်းတူးဖော်မှု အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးမှ လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး လုပ်ငန်းခွင်၌ တာဝန်ထမ်းဆောင်နေသော ကိုယ်စားလှယ်များ၊ ဝန်ထမ်းများအား အမှတ်တရဂုဏ်ပြုသစ်သီးခြင်းနှင့် အင်အားဖြည့်အစားအစာများ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ရေနံရှာဖွေရေးအစမ်းတွင်းနှင့် တွင်းတူးစက်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)