လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ဥာဏ်စမ်းသုတပြိုင်ပွဲကျင်းပ

လယ်ဝေး ဇူလိုင် ၃

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်​အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် စာပေဗိမာန်စာမူဆုရ စာရေးဆရာမ သက်သက် နွယ်(ရန်ကုန်တက္ကသိုလ်)က မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် " ကျားမတန်းတူညီမျှဖို့၊ နည်းပညာနဲ့ဆန်းသစ်စို့" ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူ လေးများအား ဟောပြောခဲ့သည့် အကြောင်းအရာများထဲမှ ဥာဏ်စမ်းမေးခွန်းများ မေးမြန်းပြီး အမြန်ဆုံးနှင့် အမှန်ကန်ဆုံး ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူ ၃ ဦးအား မြို့နယ်ဦးစီးမှူးနှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က ဂုဏ်ပြု လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)