မဟာအောင်မြေမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်ကျောင်းခွဲ၌ ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး Edutainment ဟောပြောပွဲကျင်းပ

မဟာအောင်မြေ ဇူလိုင် ၃

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အမှတ်(၂) အခြေခံပညာအထက်ကျောင်းခွဲ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (မန္တလေးရုံးခွဲ)မှ ကျောင်းသား လူငယ် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေး Edutainment ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ကျောင်းအုပ် ဆရာကြီး ဦးမင်းသိန်းက ကျောင်းသားလူငယ် ဖြောင့်မတ် တည်ကြည်မှု မြှင့်တင်ရေးပညာပေး Edutainment ဟောပြောပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (မန္တလေးရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိမ်းမမခိုင်က မူလတန်းအဆင့် တက်ရောက်လာသော ကျောင်းသား/သူလေး များအား ဖြောင့်မတ်တည်ကြည်ခြင်းသည် ဘယ်သူမှ စောင့်ကြည့်သိမနေဘဲမှန်တာကို လုပ်နိုင်တာကို ဆိုလိုခြင်းဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး ယုံကြည် ခိုင်မာမှု‌ရှိစေရန် နားလည်မှုတွေပေးနိုင်မှ ရမည်ဖြစ်ကြောင်း၊ နားလည်မှုမပေးနိုင်ရင် ယုံကြည်မှုကို ဘယ်တော့မှ တည်ဆောက်လို့ရမှာ မဟုတ်ကြောင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (မန္တလေးရုံးခွဲ)မှ ဒုတိယဦးစီးမှူး ဦးဝင်းထွန်းက အလယ်တန်းအဆင့် တက်ရောက်လာသော ကျောင်းသား/သူ လေးများအား ကိုယ်ကျိုးနှင့် အများအကျိုးကြား ခွဲခြားတွေးတောခြင်း၊ ကျောင်းပညာရေးတွင် ဖြောင့်မတ် တည်ကြည်မှု၊ လူမှုတန်ဖိုးများ တည်ဆောက်ခြင်း၊ မိမိကိုယ်တိုင်နှင့် အခြားသူ/လူ့အဖွဲ့အစည်း အား တာဝန်ယူမှုရှိခြင်း၊ စည်းမျဉ်းစည်းကမ်းများ စသည့်အကြောင်းအရာများအား တစ်ဦးတစ်ယောက်ချင်စီ ရုပ်ပြဇာတ်လမ်းတို ပညာပေး အစီအစဉ်များဖြင့် ဖတ်ပြခိုင်း၍ အသိပညာ ဗဟုသုတများရှိစေရန် ဟောပြောပို့ချခဲ့ကြောင်း သိရသည်။

အခမ်းအနားအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (မန္တလေးရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင်ထူးမြင့်နှင့် ဝန်ထမ်းများ၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာကြီး ဦးမင်းသိန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၅၀)ဦး တက်ရောက်ကြောင်း သိရသည်။

အောင်ဇော်မင်း