အမ်း ဇူလိုင် ၃
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈:၀၀) နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးသစ်)၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါမြန်မာအမျိုးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား ခရိုင်အမျိးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ဒေသအတွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရေး၊ ရာသီဥတု ကောင်းမွန်မျှတလာစေရေး၊ ပြည်သူများမှ သစ်ပင်သစ်တောများကို ပိုမိုချစ်ခင်မြတ်နိုးတန်းဖိုးထားတတ်လာစေရေး ရည်ရွယ်၍ သက်တမ်းရင့် အမြင့်(၂)ပေအထက် မန်ဂျန်ရှား(၁၁၀)ပင်၊ ပိတောက် (၂၅)ပင်၊ ခရေ(၂၅)ပင်၊ ရေတမာ(၂၅)ပင်၊ ကံ့ကော်(၂၅)ပင်၊ စုစုပေါင်း(၂၁၀)ပင်တို့ကို ခရိုင်၊ မြို့နယ်၊ ရပ်ကွက်အသင်း ပူးပေါင်း၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ ခရိုင်/မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မြင့်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာ ခေတ္တဥက္ကဋ္ဌ ဒေါ်ခင်သန့်ထွေးနှင့် အသင်းဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များပူးပေါင်း၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း