မြိုင်မြို့တွင် ပလတ်စတစ်လျော့ချအသုံးပြုရေးနှင့် စက္ကူအိတ်၊ အင်ဖက် အစားထိုးအသုံးပြုရေး အသိပညာပေးလုပ်ငန်များ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ပလတ်စတစ် လျော့ချအသုံးပြုရေးနှင့် စက္ကူအိတ်၊ အင်ဖက်အစားထိုးအသုံးပြုရေး အသိပညာ ပေးလုပ်ငန်းများကို ဇူလိုင်လ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်က စည်ပင်သာယာ မြို့မဈေးနှင့် ပျံကျဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။