မြို့မစျေးအတွင်း ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် ပအင်ဖတ်အစားထိုးအသုံးပြုရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မြို့သစ် ဇူလိုင် ၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရန်အတွက် ပြည်သူများကြွပ်ကြွပ်အိတ်များ သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီက မြို့သစ်မြို့၊ မြို့မစျေးကြီးအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကြွပ်ကြွပ်အိတ်သုံးစွဲခြင်းကြောင့် သဘာ၀ပတ်ဝန်းကျင်ထိခိုက်မှုများ၊ ရာသီဥတုပြောင်းလဲမှုနှင့် ဘေးအန္တရာယ်ကျရောက်နေမှုများ၊ ကျန်းမာရေးဆိုင်ရာဆိုးကျိုးဖြစ်ပေါ်နေမှုများ၊ ကြွပ်ကြွပ်အိတ်အသုံးပြုခြင်း၏ ဆိုးကျိုးများနှင့်လူသားတို့၏ နေ့စဉ်အမူအကျင့်များကို ပြုပြင်ပြောင်းလဲရာတွင် ကြွပ်ကြွပ်အိတ်အစားအင်ဖက်၊ ဗန်ဒါဖက်၊ ငှက်ပျောဖက်၊ စက္ကူအိတ်အမျိုးမျိုးဖြင့် အစားထိုးသုံးစွဲရန်စသည်တို့ကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုနိုင်ရေး အသိပညာပေးပြောကြားခဲ့သည်။

အဆိုပါ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး အသိပညာပေးဆွေးနွေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းထက်နှင့်အဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးစန်းဝင်းနှင့် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)