နတ်မောက် ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာ Grade-12 နှင့် Grade9 (သင်ရိုးသစ်) မြို့နယ်အဆင့်(ဆင့်ပွား)သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)တွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါသင်တန်းတွင် Grade-12(သင်ရိုးသစ်)ရှိ အင်္ဂလိပ်စာ၊ သင်္ချာ၊ မြန်မာစာ၊ ဇီဝဗေဒ၊ ရုပဗေဒ၊ ဓာတုဗေဒ၊ သမိုင်း၊ ဘောဂဗေဒဘာသာရပ်များနှင့် Grade-9 (သင်ရိုးသစ်)ရှိ အင်္ဂလိပ်စာ၊ မြန်မာစာ၊ သင်္ချာ၊ သမိုင်း၊ သိပ္ပံ၊ ပထဝီဝင်ဘာသာရပ်များအား မြို့နယ်ဆင့်သင်တန်းများ ပို့ချပေးလျက်ရှိပြီး သင်တန်းသား/သူ ဆရာ/မ(၁၂၄)ဉီး တက်ရောက်ခဲ့ကြရာ သင်တန်းကာလမှာ(၆)ရက်ဖြစ်၍ စနေနေ့နှင့်တနင်္ဂနွေနေ့များတွင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း