မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် အကြိုအခြေခံမီးသတ်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က သထုံခရိုင် မီးသတ်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။