ပင်လုံမြို့ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ ခွဲနာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ကျိုင်းတုံမြို့၌ စာပေဆိုင်ရာဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာပေဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Commuinty Centre) ခန်းမတွင် ကျင်းပသည်။

မူးယစ်ဆေးဝါးအန္တရာယ် အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြော နံရံကပ်စာစောင်များပြသ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာ မူလတန်းကျောင်း (မြို့မ)၌ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ တတိယအကြိမ်ညှိနှိုင်း အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီတတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

လားရှိုးမြို့၊ တောရပရိယတ္တိစာသင်တိုက်တွင် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ရပ်ကွက်(၁၀)၊မြို့ဝမ်ရပ်ရှိ တောရပရိယတ္တိစာသင်တိုက်တွင် ယနေ့နံနက်ပိုင်းက လားရှိုးပြည်သူ့ဆေးရုံနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀)စစ်မြေပြင် ဆေးတပ်ရင်းတို့မှ အထူးကုဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ကံမမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ဓါတ်ပုံ၊ နံရံကပ်ပိုစတာ၊ စာအုပ်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ်(၁) နာရီက ကံမမြို့နယ်ရုံး (Community Centre)တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့်

မိုင်းရယ်၌ ၇၆ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်ချီပြိုင်ပွဲနှင့် ဆုပေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြုလုပ်သည့် ၇၆ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုခန်းမ၌ ကျင်းပသည်။

ကသာမြို့၌ အမှတ်စဉ် (၁) လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း အမှတ်စဉ် (၁) ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီအချိန်က ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရွှေပြည်သာမြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်း နိုင်ငံသားစီစစ်ရေးကတ်ပြား မပြုရသေးသူ များအား ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီတွင် လှော်ကားကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ် လဝက တိုက်နယ်မှူး ဒေါ်ဝေဝေလင်းထိုက် ဦးဆောင်၍ ရပ်ကွက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အ.ထ.က-မက်မန်း၌ (KG) ကျောင်းသား၊ ကျောင်းသူများနှင့် အသက်(၁၂ နှစ်နှင့် ၁၈ နှစ်)   ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အု်ပချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ အ.ထ.က-မက်မန်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က အသက် (၅) နှစ်နှင့်အထက် (KG)တန်းနှင့် အသက် (၁၂) နှစ်နှင့် ၁၈ နှစ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Subscribe to